ကောင်လေး။ ။`.... မိန်းမတွေ...အော်...မိန်းမတွေ´
ကောင်မလေး။ ။`ဘာလဲ..´
ကောင်လေး။ ။`... ငါ....´
ကောင်မလေး။ ။`နင်င့ါကို ဘာပြောမလို့လဲ´
ကောင်လေး။ ။`ဘာမှမဟုတ်တော့ပါဘူး...´
ကောင်မလေး။ ။`ငါ..အဲ့လို ပြောမယ်လုပ်ပြီး မပြောတော့တာလောက် အမြင်ကတ်တာမရှိဘူး´
ကောင်လေးက ကောင်မလေး မျက်လုံး တွေကို သေသေချာချာ စိုက်ကြည့်လိုက်တယ်။
ကောင်လေး။ ။` ငါ... နင့်...ကို ငါ့ ချစ်သူ အဖြစ် မသတ်မှတ်ချင်တော့ဘူး´
ကောင်မလေး က ကောင်လေး မျက်လုံးတွေကိုကြည့်ပြီး ငြိမ်သက်သွားတယ်။
မျက်တောင် မခတ်ဘဲ မျက်ရည်တွေ အလိုလို စီးကျလာတယ်။ တအောင့်လောက် ကြာမှ
မျက်ရည် ကို လက်နဲ့ သုတ်ပစ်လိုက်ပြီး
ကောင်မလေး။ ။`ဘာကြောင့်လဲ... ပြောစမ်းပါ... ဘာ့ကြောင့်လဲ´
ကောင်လေး က အင်္ကျီအိတ်ကပ်ထဲကို နှိုက်ပြီး လက်စွပ်တစ်ကွင်း ထုတ်လိုက်တယ်။
ကောင်လေး။ ။` နင် ... ငါ့ကို လက်ထပ်ခွင့်ပြုပါ... ငါနင့်ကို ချစ်သူ အဖြစ်မသတ်မှတ်တော့ဘူး။
ဇနီးမယားအဖြစ် သတ်မှတ်ချင်ပြီ...´
ဒုတိယ အကြိမ် ကောင်မလေး မျက်ရည်ကျလာသည်။
Credit To သိုး ငယ်
ဒီတစ်ခေါက်တော့ ၀မ်းသာလို့ကျတဲ့မျက်ရည်ပေါ့
0 comments:
Post a Comment