ကိုယ့်ချစ်သူကိုဘယ်လောက်ထိ ချစ်နေသလဲ ? စမ်းသပ်ကြည့်ရအောင် ( ၁၅ မိနစ်လောက် အချစ်ပေးရုံပါပဲ )
ကိုယ့် စိတ်ထဲမှာ လူတစ်ယောက်ကို ဘယ်လောက်ထိ ချစ်နေလဲ ဘယ်လိုပုံစံနဲ့မျိုးနဲ့ ချစ်နေလဲဆိုတာ ကိုယ်ကိုတိုင် သတိထားမိမှာ မဟုတ်ပါဘူး
အဲဒါကြောင့် အခု ဒီနည်းလမ်းလေးနဲ့ ကိုယ့်ချစ်တဲ့သူအပေါ် ထားတဲ့
ကိုယ့်ရဲ့ အချစ်ကို တွက်ချက်ကြည့်နိုင်ပါတယ် ....
- ပထမဦးဆုံး ဘောပင် နှင့် စာရွက်တစ်ရွက်ကို ယူလိုက်ပါ
- ပြီးလျှင် အောက်ဖော်ပြပါ အချက်များကို တစ်ချက်ချင်းစီ သေချာဖတ်ရွေ့ မိမိနှင့် တိုက်ဆိုင်သည့် အချက်များကို မှတ်သားထားပေးပါ ၊၊
(၁) ကိုယ်ချစ်တဲ့သူနဲ့ ချက်တဲ့အခါ Reply မြန်မြန်ရစေ ချင်တယ်
(၂) ကိုယ်ချစ်တဲ့သူနဲ့ ပက်သက်တဲ့ ခံစားချက်အချို့ကို သူငယ်ချင်းတွေ အရှေ့မှာ ရင်ဖွင့်ဖူးတယ်
(၃) သူနဲ့ တွေ့ရတော့မယ့်နေ့တွေဆို မနက်ဖြန်မြန်မြန်ရောက်ချင်တဲ့ စိတ်ကြောင့် အဆောကြီး အိပ်ယာ ၀င်ခဲ့ဖူးတယ်
(၄) သူ့ကိုသတိရတဲ့အခါတိုင်း အလွမ်းအဆွေး သီချင်းတွေပဲ ရွေးပြီး နားထောင်ဖူးတယ်
(၅) ၀မ်းနည်းမှု ၊ အားငယ်မှု ၊ စိတ်ဓာတ်ကျမှု တစ်ခုခုကြုံတိုင်း သူ့အနားမှာရှိဖို့ မျှော်လင့်ခဲ့ဖူးတယ်
(၆) သူနဲ့ အဆက်အသွယ်ပြတ်နေတဲ့ အခါမျိုးမှာ မျက်စိထဲ မြင်သမျှအရာ အားလုံးကို စိတ်တိုနေတတ်တယ်
(၇) သူ့ဓာတ်ပုံလေးတွေ ကို ထုတ်ကြည့်ပြီး အလွမ်းဖြေခဲ့ဖူးတယ်
(၈) ကိုယ့်ကို တခြားတယောက်နဲ့ သူကသ၀န်တိုတဲ့အခါ စိတ်ထဲမှာ ကျိတ်ပြီး ၀မ်းသာခဲ့ဖူးတယ်
(၉) သူနေမကောင်းဖြစ်ရင် ကိုယ်နေမကောင်းဖြစ်တာထက် ပိုပြီး စိတ်ပူတယ်
(၁၀) သူနဲ့ ရန်ဖြစ်ပြီးမှ ''အော် ငါအလျှော့ပေးလိုက်ရင် ကောင်းသားနော်'' ဆိုတဲ့ စိတ်ကလေး တွေးခဲ့ဖူးတယ်
(၁၁) သူ့ကို အရမ်းလွမ်းလွန်းလို့ သူရှိနိုင်တဲ့ နေရာလေးကို မှန်းဆပြီး ဒီအချိန်ဆို သူဘာလုပ်မနေလဲဆိုတဲ့ အတွေးလေးနဲ့ ရူးလောက်အောင် လွမ်းခဲ့ဖူးတယ်
(၁၂) သူနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ အကုန်လုံးကို မှတ်မိနေတတ်တယ်
(၁၃) သူ့အသံလေးကြားလိုက်ရရင် တစ်နေ့လုံး နေသာထိုင်သာ ရှိသွားရော
(၁၄) ကိုယ့်ဆန္ဒထက် သူ့ဆန္ဒကို ပိုပြီး ဦးစားပေးတတ်တယ်
(၁၅) သူနဲ့လမ်းခွဲဖို့ အကြောင်းဆို တကယ်ဖြစ်ဖို့ မပြောနဲ့ စိတ်ထဲမှာ တွေးလိုက်ရင်တောင် နေစရာ နေရာမရှိတော့ဘူး
(၁၆) သူ့ထက်လှတဲ့သူ ၊သူ့ထက် ခန့်တဲ့သူ ၊ မြင်ရင်တောင် သူ့လောက် လှတယ် ၊ ခန့်တယ် လို့မမြင်မိတော့ဘူး
- ကဲ အခုဆိုရင် သင်မှတ်ထားတဲ့ အချက်တွေနဲ့ သင့်ချစ်သူအပေါ်ထားတဲ့ အချစ်ကို တွက်ကြည့်ရအောင်
- နံပါတ် ၁ တိုက်ဆိုင်သူတွေ အတွက် ( ၆ % )
- နံပါတ် ၂ တိုက်ဆိုင်သူတွေ အတွက် ( ၅ % )
- နံပါတ် ၃ တိုက်ဆိုင်သူတွေ အတွက် ( ၆ % )
- နံပါတ် ၄ တိုက်ဆိုင်သူတွေ အတွက် ( ၄ % )
- နံပါတ် ၅ တိုက်ဆိုင်သူတွေ အတွက် ( ၇ % )
- နံပါတ် ၆ တိုက်ဆိုင်သူတွေ အတွက် ( ၄ % )
- နံပါတ် ၇ တိုက်ဆိုင်သူတွေ အတွက် ( ၇ % )
- နံပါတ် ၈ တိုက်ဆိုင်သူတွေ အတွက် ( ၈ % )
- နံပါတ် ၉ တိုက်ဆိုင်သူတွေ အတွက် ( ၄ % )
- နံပါတ် ၁၀ တိုက်ဆိုင်သူတွေ အတွက် ( ၈ % )
- နံပါတ် ၁၁ တိုက်ဆိုင်သူတွေ အတွက် ( ၆ % )
- နံပါတ် ၁၂ တိုက်ဆိုင်သူတွေ အတွက် ( ၄ % )
- နံပတ် ၁၃ တိုက်ဆိုင်သူတွေ အတွက် ( ၄ % )
- နံပါတ် ၁၄ တိုက်ဆိုင်သူတွေ အတွက် ( ၉ % )
- နံပါတ် ၁၅ တိုက်ဆိုင်သူတွေ အတွက် ( ၈ % )
- နံပါတ် ၁၆ တိုက်ဆိုင်သူတွေ အတွက် ( ၁၀ % )
အခု သင်ရရှိထားတဲ့ ရာခိုင်နှုန်းကို အားလုံးကို ပေါင်းကြည့်လိုက်ပါ
အကယ်လို့ ၉၀ % ကျော်တယ်ဆိုရင်
- သင်ဟာ တစ်ဖက်စွန်းရောက်အောင် ချစ်နေတဲ့သူပါ
အကယ်လို့ ၈၅ % ကျော်တယ်ဆိုရင်
- သင့်ဘ၀မှာ သူကလွဲပြီး နောက်တယောက်ကို ထပ်ချစ်ဖို့ဆိုတာ
မဖြစ်နိုင်သလောက်ပါပဲ
အကယ်လို့ ၇၅ % ကျော်တယ်ဆိုရင်
- သင်ဟာ သင့်ချစ်သူကို အရမ်းချစ်နေမိပြီဆိုတာ သေချာပါတယ်
အကယ်လို့ ၆၅ % ကျော်တယ်ဆိုရင်
- သူ့အပေါ်ထားတဲ့ သင့်အချစ်ဟာ လေးနက်လွန်းပါတယ်
အကယ်လို့ ၅၀ % ကျော်တယ်ဆိုရင်
- သင်သူ့အပေါ် ချစ်စ ပြုနေပါပြီ
အကယ်လို့ ၄၀% ကနေ ၅၀ % အတွင်းဆိုရင်တော့
- သင်စိတ်ကစားရုံ သက်သက်ပဲ ရှိပါသေးတယ်
အကယ်လို့ ၄၀% အောက်ဆိုရင်တော့
- သင်သူ့ကို တကယ်မချစ်မိသေးပါဘူး
* ချစ်သူတိုင်း အဆင်ပြေနိုင်ကြပါစေ *
MC Zin Jay Shin(နှလုံးသားစာပေ)
0 comments:
Post a Comment